Golam

ကဲ ကုန်ဈေးနှုန်း‌တွေ တိုးလာပေမယ့် လစာတိုးမလာတဲ့ အခုအခြေအနေကြီးမှာ နေရတာစိတ်ညစ်နေကြပြီမလား။

အလုပ်ရှင်ကို အလုပ်သမား‌တွေ ဝိုင်းလုပ်ကြံကြတာဆိုပြီး လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

indiaကား‌တွေ မကြိုက်တတ်ရင်‌တောင် ကြည့်လိုကောင်းမယ့် Thriller, Mystery, Chrime ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လမ်းအစ အလုပ်ရှင်ဟာ သန့်စင်ခန်းထဲမှာ တစ်ယောက်တည်း သေနေပါတယ်။ အဲဒါဟာ မတော်တဆ သေတာလား၊ တကယ် အလုပ်သမားတွေ ပေါင်းကြံလိုက်ကြတာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ လူသတ်မှုဆိုရင် ဘယ်သူသတ်လိုက်တာလဲ၊ ဘယ်လို အကွက်စေ့စေ့သတ်လိုက်တာလဲ၊ ဘာကြောင့်သတ်လိုက်တာလဲ(ကုန်ဈေးနှုန်းတိုးပြီး လစာတိုးမလာလိုလား) ဆိုတာကို ဇာတ်ကားထဲမှာ စီးမျော မေးခွန်းထုတ်ရင်း ကြည့်ရှုသွားရမှာဖြစ်ပါတယ်။