Madgaon Express

Madgaon Express (2024) ဇာတ်လမ်း အကျဥ်းလေးကတော့ ဒိုဒို၊ အာရွတ် ၊ပင်ကူလို ခေါ် တဲ့ ငယ်သူချင်း ၃ ယောက် ကလေးဘဝ မိန်းကလေးတွေ ဂိုအာကို ခရီးထွက်ဖို စီစဥ်နေတာ သိပြီး ဂိုအာသွားချင်တဲ့ဆန္ဒလေး ဖြစ်ခဲ့ပါတယ်။ သိုပေမယ့် ကလေးဘဝ မိဘတွေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် စိတ်ကူးယဥ်သက်သက်သာဖြစ်ခဲ့ပါ‌တော့တယ်။ ဒီလိုနဲ့ သူငယ်ချင်း ၃ ယောက် ဘွဲရပြီးနောက်  ဆင်းရဲတဲ့ ဒိုဒိုလေးပဲ ဇာတိမြို မှာ ကျန်ခဲ့ပြီး ငွေကြေး အဆင်ပြေတဲ့ ပင်ကူနဲ့ အာရွတ်ကတော့ နိုင်ငံခြားကို ပြောင်း‌ရွေ့ သွားပါတော့တယ်။ တစ်ကွဲ တစ်ပြားဆီ ဖြစ်နေခဲ့တဲ့ သူငယ်ချင်း ၃ ယောက် facebook ပေါ်မှာ အဆက်အသွယ်ပြန်ရကြပြီး ဂိုအာခရီး ထွက်ဖို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ထွက်ဖြစ်ခဲ့တဲ့ ခရီး အစမှာတင် ဘိန်းမှောင်ခို ဂိုဏ်းရဲ့ အိတ်ကို မှားယူမိတာနဲ့ စပြီး ကြုံဆုံရသမျှ ဘယ်လိုအရှုပ်တွေထဲ ရောက်ပြီး ဘယ်လိုလွတ်အောင် ကြိုးစားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားရမယ့် ဟာသ ဇာတ်မြူး Bollywood ဇာတ်ကားလေးဖြစ်ပါတယ်