Siren

Thriller/ Action ကို ဖခင်မေတ္တာနဲ့ ယှဉ်တွဲရိုက်ကူးပြထားတဲ့ အသစ်စက်စက်အိန္ဒိယကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

သီလဂန်ဗာမန်ဟာ လူနာတင်ယာဉ်မောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ မမျှော်လင့်တဲ့လူသတ်မှုတစ်ခုကြောင့် ထောင်နန်းစံခဲ့ရပါတယ်။ ၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ အယူခံနဲ့ ထောင်ထဲကခေတ္တထွက်ခွင့်ရပြီး အိမ်မှာနှစ်ပတ်နေခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူအချစ်ဆုံးသမီးလေးကတော့ သူ့ကိုအသိအမှတ်မပြုခဲ့ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် သီလဂန်ခဏပြန်လွတ်လာတဲ့အချိန်မှာမှ မြိုရဲ့နာမည်ကြီးပါတီခေါင်းဆောင် အသတ်ခံခဲ့ရပြီး နာမည်ပျက်ရဲအရာရှိနန်ဒီနီက ဒီအမှုကိုတာဝန်ယူခဲ့ရပါတယ်။ သူ့ရဲ့နာမည်ကိုပြန်အဖတ်ဆယ်ဖို နန်ဒီနီကြိုးစားရင်း သီလဂန်နဲ့ဘယ်လိုထိပ်တိုက်တွေ့မလဲ။ သီလဂန်ကရော အမှုနဲ့ဘယ်လိုပတ်သက်နေလဲဆိုတာကတော့....