S.I.T Special Investigation Team

မှုခင်းအမျိုးအစားကိုမှ အိန္ဒိယဖိုက်တင်အပြည့်နဲ့ခံစားချင်တယ်ဆို ဒီအသစ်စက်စက်ထွက်ထားတဲ့ စုံထောက်ကားကိုညွှန်းပေးပါတယ် 

ဇာတ်လမ်းအကျဉ်းဟာဆိုရင်ဖြင့်…..
စိတ်မြန်လက်မြန်နဲ့ အမှန်တရားဖက်ကနေအမြဲရပ်တည်ပေးတတ်တဲ့ ရဲအရာရှိပါရ်တူ ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲဟာ တနေ့မှာတော့ အိန္ဒိယတစ်ခွင် တုန်လှုပ်စေတဲ့လူသတ်မှုတစ်ခုကိုကိုင်တွယ်ရပါတော့တယ်။  အသတ်ခံရသူဟာ ဆော့ဖ်ဝဲလ်ကုမ္ပဏိပိုင်ရှင် နဗီရာဖြစ်ပြီး သူ့ကိုဘယ်သူသတ်လဲဆိုတာတရားခံရှာရမှာပဲဖြစ်ပါတယ်။ 
အိန္ဒိယရုပ်ရှင်တွေရဲ့အနှစ်ဖြစ်တဲ့ လှည့်ကွက်ယမကာလေးကို ခံစားရင်းကိုယ်ပါတရားခံဝိုင်းရှာမိမယ့်ဇာတ်ကားလေးမို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး