Operation Valentine

ဒီကားဟာ 2019 ခုနှစ် အိန္ဒိယလေကြောင်းစစ်ဆင်ရေးကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။

အိန္ဒိယလေတပ်ရဲ့ လေယာဥ်မှူး အာဂျွန်ဒေ့ဗ်ဟာ အရည်အချင်းရှိပေမဲ့ တစ်ဇွတ်ထိုးလုပ်တတ်တဲ့သူဖြစ်ပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေကို အသက်စွန့်ပြီး လုပ်တတ်တဲ့သူဖြစ်ပါတယ်
တစ်နေ့တော့ ပါကစ္စတန်ဝေဟင်ကာကွယ်ရေးကို ကျော်ဖြတ်နိုင်မဲ့ ပရောဂျက် ဗဂျရာကို တွဲဖက်လေယာဥ်မှူးနဲ့အတူ စမ်းသပ်ရင်း မတော်တဆမှုကြောင့် တွဲဖက်အသက်ဆုံးသွားတဲ့အခါ အာဂျွန်က လေယာဥ်မောင်းခွင့်ရပ်နားခံခဲ့ရပါတယ်
တစ်နေ့မှာ ပါကစ္စတန်ကနေ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်သား အယောက် ၄၀ သေဆုံးသွားရတဲ့အခါ မျိုးချစ်စိတ်ပြင်းထန်တဲ့ အာဂျွန်ဟာ လက်စားပြန်ချေဖိုအတွက် ကတ်ရှ်မီးယားက ပါကစ္စတန်လျှိဝှက်အခြေစိုက်စခန်းကို ဖျက်ဆီးမဲ့စစ်ဆင်ရေးမှာ ပါဝင်လာခဲ့ပြီး အရင်က ရပ်နားခံခဲ့ရတဲ့ ပရောဂျက် ဗဂျရာကို ပြန်လည်အသက်သွင်းဖို ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ပါကစ္စတန်ကို ခိုးဝင်ပြီး အခြေစိုက်စခန်းကိုရော ဗုံးကြဲနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားနဲ့ကြည့်ရမှာဖြစ်ပါတယ်။

ဒီကားမှာ နာမည်ကြီးမင်းသား Varun Tej နဲ့ Miss World 2017 အနိုင်ရရှိထားတဲ့ အလှမယ် Manushi Chhillar တိုက ပါဝင်ထားတာပါ။