DeAr

ကွန်နောမြိုသူ ဒီပီကာနဲ့ ချန်နိုင်းမြိုသား အာဂျွန်တိုကမိဘတွေပေးစားလိုယူလိုက်ကြတဲ့ညားခါစလင်မယားတွေပဲဖြစ်ပါတယ်။ မင်းသမီးဖြစ်သူကတော့ အိပ်တဲ့အခါဟောက်တတ်တဲ့အကျင့်ရှိပြီး မင်းသားဖြစ်သူကတော့ အသံနည်းနည်းကြားရင်တောင်လန့်နိုးတတ်တဲ့သူပါ။ ဒီလိုနဲ့ပဲ သူတိုရဲ့ မင်္ဂလာဦးညမှာ ယောကျ်ားဖြစ်သူကအသံကြားရင်မအိပ်တတ်ဘူးဆိုတဲ့အကြောင်းကို ဒီပီကာသိသွားတဲ့အခါမှာတော့ယောကျ်ားစိတ်ပျက်သွားမစိုးလို မအိပ်ဘဲနေခဲ့ပေမဲ့ အိပ်ပျော်သွားပြီး အဲဒီညမှာတင် သူ့မိန်းမဟောက်တတ်တဲ့အကြောင်းသိသွားပါတော့တယ်။ ဒါကြောင့် တစ်ရက်စီအိပ်ဖိုညှိလိုက်ကြပါတော့တယ်။ အိပ်ရေးပျက်တာများလာတော့ အာဂျွန်တစ်ယောက် အရေးကြီးကိစ္စလုပ်ရမယ့်တာဝန်ကို မလုပ်နိုင်ခဲ့ဘဲ အလုပ်ပြုတ်တဲ့အထိတောင်ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့မင်းသားက မင်းသမီးကိုကွာရှင်းဖိုလုပ်ပါတော့တယ်။ မင်းသမီးက ဘာကြောင့်ဟောက်တာကိုပြင်လိုမရတာလဲ မင်းသားကရောဘာလိုအိပ်မပျော်ရတာလဲ ဆိုတဲ့အဓိကအကြောင်းအရင်းကိုတော့ ဇာတ်လမ်းထဲမှာရိုက်ပြထားပါတယ်။ ဒီပီကာနဲ့ အာဂျွန်တိုတကယ်ပဲကွာရှင်းဖြစ်ကြမလား။ ဘာတွေဆက်ဖြစ်မလဲဆိုတဲ့အကြောင်းအရာလေးတွေကို ပျင်းနေစရာမလိုအောင် ဆွဲဆောင်ပေးနိုင်တဲ့အပြင် မိသားစုကြားထဲမှာရှိတဲ့ချစ်ခြင်းမေတ္တာ
ခံစားချက် တွေကို  သေချာလေးရိုက်ကူးတင်ဆက်ထားပေးတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကြည့်မိရင်တော့တခြားသူတွေအတွက်လဲဖြည့်တွေးပေးရမယ်ဆိုတာကို သေချာပေါက်သဘောပေါက်နားလည်လာပါလိမ့်မယ်။