Krishnamma

ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မေ ၁၀ရက်နေ့တုန်းကမှ ထွက်ရှိထားပြီး IMDb 8.7 အထိရရှိထားတဲ့ Krishnamma ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာဒရာ၊ ရှီဗာနဲ့ ကိုတီတိုသုံးယောက်ဟာ သုံးယောက်တစ်ဘဝလိုပြောတဲ့အထိ အချင်းချင်းမိသားစုလုပ်နေထိုင်တဲ့ မိဘမဲ့ငယ်သူငယ်ချင်း သုံးယောက်ဖြစ်ပါတယ်။ ဆေးခြောက်ကုန်ကူးတဲ့အလုပ်ကိုလုပ်ရင်း ရှင်သန်ရပ်တည်နေတဲ့ သူတိုဘဝထဲကို မီနာဆိုတဲ့ မိန်းကလေးတစ်ဦးဝင်လာတဲ့အခါ မကောင်းတဲ့ဘဝကို နောက်ချန်ထားရင်း ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတော့တယ်။ ဒါပေမဲ့ အရေးပေါ်လိုအပ်ချက်ကြောင့် လုပ်ငန်းဟောင်းကို မဖြစ်မနေပြန်လုပ်မိရာကနေ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲ၊ ဘယ်လိုအမှားတွေ လုပ်မိကြမလဲဆိုတာကို ဒီ Krishnamma ဆိုတဲ့ action, adventure ကားလေးမှာကြည့်ရှုပေးကြပါဦးခင်ဗျာ