Khuda Haafiz

ဒီကားလေးက iMDB rating 7.1/10 ရရှိထားတဲ့ အိန္ဒိယအက်ရှင်ကားကောင်းလေးဖြစ်ပြီးတော့ နာမည်ကြီးမင်းသား ဗဒ်ရွတ်ဂျာမဝယ် ရို က်ကူးထားတဲ့ ဘောလိဝုဒ်အက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ 

၂၀၀၇-၂၀၀၈ ကြား စီးပွါးရေး အကြပ်ရိုက်ကာလကို အခြေခံထားပြီး ဒီကာလကြား အလုပ်ပြုတ်သွားတဲ့ ညားခါစ လင်မယားနှစ်ယောက် တိုင်းတစ်ပါး နိုမာန်နိုင်ငံသွား ပြီး အလုပ်ရှာကြပါတယ်။ 

အဲ့ဒီမှာ လူလိမ်အေဂျင်စီနဲ့ မိပြီး
မိန်းမ နိုမာန်နိုင်ငံကို အရင်သွားရာက ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားပါတော့ပါတယ်။ 

အရမ်းချစ်တတ်တဲ့ အချစ်ကြီးသူ
ဆမီးရ်တစ်ယောက် နိုမာန်နိုင်ငံ တစ်ခွင် မိန်းမကို ရေဆုံးမြေဆုံးလိုက်ရှာရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်၊ မိတ်ဆွေရန်သူလား မခွဲခြားနိုင်တဲ့ မျက်နှာဖုံးနဲ့လူတွေနဲ့ ရဲတွေကြားမှာ ဘယ်လိုတိုက်ခိုက်ရုန်းကန်ခဲ့ရလဲဆိုတာ ကြည့်ရင်း ဒီအက်ရှင်ကားကောင်းလေးနဲ့ တူတူစီးမျောလိုက်ကြစို