Bhaje Vaayu Vegam

ဒီကားလေးကတော့ ဖခင်ကသားတွေအပေါ်ထားတဲ့မေတ္တာစစ်နဲ့သားတွေကဖခင်အပေါ်ထားတဲ့မေတ္တာကိုပါကြည့်ရှုရမယ့် မေတ္တာကားလေးဖြစ်ပါတယ်

ဇာတ်လမ်းအစမှာတော့ ဗမ်ကပ်ဆိုတဲ့ကောင်လေးရဲ့ မိဘနှစ်ပါးဟာ အကြွေးတွေမဆပ်နိုင်တာနဲ့သေကြောင်းကြံလိုက်တာကြောင့် သူလေးကိုလယ်သမားအဖိုးကြီးကမွေးစားလိုက်ပါတော့တယ် ဒိလိုနဲ့ဗမ်ကပ်တစ်ယောက် မိသားစုအသစ်မှာ အကိုအသစ်ပါရပြီး ချစ်ခြင်းမေတ္တာတွေရရှိခဲ့ပါတယ် သူ့ရဲ့အကိုရာဂျူးလေးဟာ ကျောင်းမှာစာတော်သလို ဗမ်ကပ်ကလဲ ခရစ်ကတ်မှာတော်ပါတယ် သူတို့ရဲ့ဝါသနာကိုအဖေကြီးဖြစ်တဲ့လယ်သမားကြီးကအကောင်အထည်ဖော်ပေးခဲ့ပေမယ့် အရွယ်ရောက်လာတဲ့သူတို့နှစ်ယောက်အဖို့တော့ တကယ့်လက်တွေ့မှာ နေရာတစ်ခုရဖို့ဆိုတာ ငွေပေးနိုင်မှရတာဖြစ်ကြောင်းသိလာပြီး အိပ်မက်တွေနောက်မလိုက်နိုင်ပဲ အဖေကိုပဲစိတ်ချမ်းသာအောင်လိမ်နေမိတော့တယ်

ဗမ်ကပ်ကခရစ်ကတ်ပွဲတွေကိုလောင်းရင်း ရာဂျူးလေးကလဲဟိုတယ်မှာအကူဝင်လုပ်ရင်း တစ်ရက်မှာသူတို့အဖေဆေးရုံတက်ရတဲ့အခါမှာတော့ ငွေတွေအများကြီးလိုလာပါတော့တယ် ဒီလိုနဲ့ဗမ်ကပ်တစ်ယောက်ကြံမိကြံရာတွေကြံပြီး နိုင်ငံရဲ့မာဖီးယားတွေရဲ့နောက်ကွယ်ကလူဆိုးဆိုတဲ့သူကြီးနဲ့ ဘယ်လိုတွေပက်သက်မိမလဲဆိုတာ ကြည့်ရင်းခံစားလိုက်ရအောင်