Ranam Aram Thavarel

ရဲစခန်းအရှေ့မှာချထားတဲ့ သေတ္တာတစ်လုံးထဲကနေ မီးလောင်ထားတဲ့ လူခြေထောက်ပြတ်နှစ်ဖက်ထွက်လာပါတယ် တစ်ချိန်တည်းမှာပဲ မြိုထဲကတခြားနေရာတွေမှာလည်း 
ခန္ဓာကိုယ်နဲ့ လက်နှစ်ဖက်ကိုလည်း သေတ္တာထဲမှာထည့်ပြီးပစ်ထားတာကို တွေ့ရပါတယ် ဒီအမှုဖြစ်ပြီး နောက်နှစ်ရက်လောက်နေတော့ စခန်းမှုးပျောက်သွားပြီး သက်သေတွေနဲ့ စီစီတီဗီမှတ်တမ်းတွေပါ အကုန်ပျောက်သွားပါတော့တယ် ထိုစခန်းမှုးနေရာကိုအစားထိုးဖိုရောက်လာတဲ့ အမျိုးသမီးအင်စပက်တာနဲ့ မှုခင်းမှတ်တမ်းရေးတဲ့ ရှီဗာတိုဒီအမှုကို လိုက်စုံစမ်းကြရင် သင်္ချိုင်းကနေအလောင်းတွေပျောက်ပျောက်သွားမှန်းခြေရာခံမိတဲ့အခါ 
ရှာတွေ့တဲ့ခန္ဓာကိုယ်အပိုင်းအစတွေကလည်း လူတစ်ယောက်ထဲမဟုတ်ဘဲ လူသုံးယောက်ကိုသတ်ပြီး သေချာခုတ်ထစ်မီးရှိထားပြီးမှ ပစ်ထားတဲ့အလောင်းတွေမှန်းသိသွားတဲ့အခါ တရားခံကဘာလိုလူသေအလောင်းတွေခိုးပြီး ခုတ်ထစ်ပြီးမှပြန်ပစ်ထားတာလဲ ပျောက်သွားတဲ့စခန်းမှုးကရော တရားခံလား ပြန်ပေးဆွဲခံရတာလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် မှုခင်းစုံထောက်ကားကောင်းလေးပဲဖြစ်ပါတယ်