Rathnam

ဒီကားလေးကတော့၂၀၂၄မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာhariရိုက်ကူးခဲ့တဲ့အိန္ဒိယ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။Hariဆိုတာကတော့cutတွေအရမ်းမြန်လွန်းလို နာမည်ကြီးတဲ့ ဒါရိုက်တာတစ်ယောက်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ Rathnamဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်မှာတောကနေပြီးတော့ သူ့အမေနဲ့အတူမြိုလေးတစ်မြိုကိုပြောင်းလာပါတယ်။မြိုကိုရောက်ပြီးမကြာခင်မှာပဲ ပြည့်တန်ဆာအိမ်က rathnamကိုပြန်ပေးဆွဲပြီး သူ့အမေကိုအတင်းအကျပ်ပြည့်တန်ဆာလုပ်ခိုင်းခဲ့ပါတယ်။  သူ့အမေလည်းမတတ်သာလိုပြည့်တန်ဆာလုပ်ရာကနေ တစ်နေ့မှာရဲတွေကပြည့်တန်ဆာအိမ်ကို ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာတော့ rathnamအမေလည်းအဖမ်းခံလိုက်ရပြီး နောနောက်တစ်နေ့ရဲစခန်းထဲမှာပဲ သူ့ကိုယ်သူသတ်သေသွားခဲ့ပါတယ်။ ဒီလိုနဲ့၅နှစ်သားအရွယ်နဲ့မိခင်ကိုဆုံးရှုးလိုက်ရတဲ့ကောင်လေးလဲ အရွယ်နည်းနည်းရောက်တော့ သူ့ဦးလေးကိုကယ်ဖိုလုပ်ရင်းလူသတ်မိပြီးထောင်ကျခဲ့ပါတယ်။ သူထောင်ကပြန်ထွက်လာချိန်မှာတော့ သူ့အမေနဲ့လုံးဝချွတ်စွပ်တူတဲ့ကောင်မလေးကိုတွေ့ပြီး ပြဿနာတွေကိုဘယ်လိုရင်ဆိုင်သွားမလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ drama actionပုံစံလေးဖြစ်လိုdramaကြိုက်တဲ့သူတေအတွက်ရော actionကြိုက်တဲ့လူတွေအတွက်ရောလုံးဝလက်မလွှတ်သင့်ပါဘူး။ actionခန်းတွေကိုလဲ Hariရဲ့မြန်မြန်ဆန်ဆန်ရိုက်ချက်တွေနဲ့ကြည့်ရမှာပါ။