Mission : Chapter 1

အက်စီးဒင့်ကြောင့် သမီးဖြစ်သူခေါင်းမှာတည်နေတဲ့ သွေးခဲကိုခွဲစိတ်ဖို ရှိသမျှရောင်းချပြီး လန်ဒန်မှာဆေးကုဖိုထွက်လာခဲ့တဲ့ ဂူနာရှက်ကရာဟာ သမီးဖြစ်သူ အမြန်ဆုံးခွဲစိတ်နိုင်ရေးလုံးပန်းရင်းက မမျှော်လင့်ပဲ အကျဥ်းကျခဲ့ရပါတယ်။

တဖက်က အမြန်ဆုံးခွဲစိတ်ဖိုလိုနေတဲ့သမီးအတွက် အဓိကရုဏ်းအခြေအနေတစ်ခုကို အသုံးချပြီး ထောင်ကထွက်ပြေးတဲ့အခါ အနောက်ကထောင်မှုးဖြစ်သူက တောက်လျှောက်လိုက်လာပါတော့တယ်။ တစ်ဖက်မှာလည်း G20 ညီလာခံကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထားတိုက်ခိုက်မယ့် ပါကစ္စတန်အကြမ်းဖက်သမား အိုမာ ကာဒရီလည်း လန်ဒန်ကိုရောက်နေခဲ့ပါတယ်။

ဂူနာ..ထောင်မှုး နဲ့ အိုမာတိုကြားက သုံးပွင့်ဆိုင်ပဋိပက္ခ..သမီးလေး ဆာနာရဲ့ ကျန်းမာရေးအခြေအနေ ..နိုင်ငံရဲ့ လုံခြုံရေးကိစ္စ ...ဒါတွေအားလုံးကို ဂူနာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားရမလဲဆိုတာ ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါဦး...။