Article 370

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသဟာ ၁၉၄၇ ခုနှစ်ကတည်းက အိန္ဒိယ၊ တရုတ်နဲ့ ပါကစ္စတန်သုံးနိုင်ငံကြား နယ်နိမိတ်အရေးအငြင်းပွားစရာဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာပါတဲ့ ဥပဒေပြုပုဒ်မ ၃၇၀ အရ ကက်ရှ်မီးယားဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ဥပဒေရေးဆွဲခွင့်ရှိပါတယ်။ 

အဲဒါကြောင့် ကက်ရှ်မီးယားဒေသကို အမိအိန္ဒိယနိုင်ငံတော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တစ်ပေါင်းတစ်စည်းထဲရှိစေချင်သူ ပြည်ထဲရေးဝန်ကြီးတိုရဲ့ နိုင်ငံရေးပါတီဟာ ဥပဒေပြုပုဒ်မ ၃၇၀ ကို ပယ်ဖျက်ဖိုကြိုးစားကြပါတယ်။

တစ်ဖက်မှာလည်း ဒီလိုပဋိပက္ခတွေကြောင့် လွှတ်တော်အမတ်လောင်းတချိုမှာ အသက်အန္တရာယ်ရှိလာပြီး ဇွန်နီဦးဆောင်တဲ့ အထူးလုံခြုံရေးတပ်ဖွဲဝင်တွေဟာ ပြည်နယ်ရဲ့ခေါင်းကြီးပိုင်းတွေကိုကာကွယ်ဖိုကြိုးစားရပါတော့တယ်။