The Family Star

ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါ ဟာဆိုရင်နေရာတစ်ကာသူမပါရင်မပြီးတဲ့ လူပျိူကြီးဖြစ်ပါတယ် အစ်ကိုတွေ မရီးတွေ ကလေးတွေ အဘွားတွေ နဲ့ နေထိုင်ပြီးတော့မိသားစု ကိစ္စမှန်သမျှကို ဒိုင်ခံရှင်းပေးတက်သူပဲဖြစ်ပါတယ် ကိုယ့် အိမ်ထောင်ရေးအတွက် တောင်မစဉ်းစားနိုင်ဘဲ အစ်ကိုတွေ မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းထဲထည့် တစ်ကျပ်ကို နှစ်ကျပ်ခွာတဲ့ လူပျိုကြီးလဲ ဖြစ်ပါတယ်
 တစ်နေ့ သူတို အပေါ်ဆောင်လေးမှာ သူဌေးသမီးလေး အင်ဒူး ဟာအခန်းလာငှားနေဖိုအကြောင်းဖန်လာပါတော့‌တယ် ဒီလိုနဲ့ နဖူးစာရွာလည်လို ချစ်ကြကြိုက်ကြရင်း အချစ်စစ်မည်သည် ဖြောင့်ဖြူးရာ လမ်းမရှိဆိုသလိုပဲ ဘယ်လိုအခက်အခဲ အတားအစီးတွေကျော်ဖြတ်ရဦးမလဲဆို တာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်