Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Almost Love

    Almost Love (2022) Zhou Can ဟာ မြိုကြီးတစ်ခုက တောမြိုလေးကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ သူမနေချင်တဲ့ နေရာတစ်ခုကို  စာမေးပွဲအတွက် စာကျက်ဖို အကြောင်းပြချက်နဲ့ လာခဲ့ရတာကြောင့် မြိုကို အမြဲပြန်ချင်နေတဲ့ သူလည်းဖြစ်ပါတယ်။ စာတော်ပြီးသား ကျောင်းသားဖြစ်တာမို စာကျက်စရာလည်းသိပ်မလိုဘဲ အေးဆေးနေ နေနိုင်ခဲ့ပါတယ်။ Zhou can ဟာ တစ်ယောက်ထဲ ခပ်အေးအေးနေတတ်သူဖြစ်တာကြောင့် အပေါင်းအသင်းလဲသိပ်မရှိသူပါ ။ တစ်ဖက်မှာတော့ Yu Jiao Yang ဟာ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး စာကတော့ အတော်ညံ့ရှာပါတယ်။ သူ့ရဲ့ အတိတ်က လူတွေ အမြင်မှားနေတဲ့ ကိစ္စတစ်ခုနဲ့ပတ်သတ်လို အားလုံး ကဝိုင်းကြဉ်ထားခံရတဲ့ သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ အကျင့်စရိုက်တွေ တစ်ခုမှ မတူတဲ့ Zhou Can နဲ့ အိုးနင်းခွက်နင်း အဖြစ်အပျက်တွေကြားမှာ လာဆုံခဲ့ပါတယ်။ ဒီလိုနဲ့ Zhou Can ရဲ့ ထူးခြားတဲ့ ပန်းချီပါရမီကို Jiao Yang တစ်ယောက် မျက်မြင်တွေ့ပြီးတဲ့နောက်မှာတော့ သူ့ဝါသနာကို မြေတောင် မြှောက်ပေးဖို ကြိုးစားရင်း နှစ်ယောက်သား တစ်နေ့ထက်တစ်နေ့ ပိုရင်းနှီးလာပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ နှစ်ယောက်သား အရွယ်ရောက်ပြီးဘဝမှာရော ဘဝကို ပုံစံမျိုးစုံနဲ့ ဘယ်လို ရုန်းကန်ပြီး အတူဆက်ရှိနေနိုင်ဖို ကြိုးစားကြမလဲဆိုတာကို  ဇာတ်အေးအေးလေးကြည့်ရှုရမဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

    You May Also Like