The Breakup Guru

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Comedy/Romance အမျိုးအစား ကြာမြင့်ချိန် ၂နာရီလောက်ရှိတဲ့ The Breakup Guru ဆိုတဲ့ တရုတ်ကားလေးပါ ။

ဘယ်လို Relationship မျိုးမှာမဆို အဖုအထစ်တွေနဲ့ ရှေ့ဆက်တိုးပြီး အဆင်မပြေဖြစ်ရမှာထက် နှစ်ဦးသား လမ်းခွဲပြတ်စဲလိုက်တာက နာကျင်မှုတွေ လျော့နည်းစေနိုင်တယ်မဟုတ်ပါလား။

အဓိက ဇာတ်ဆောင်ဖြစ်တဲ့ မိန့်ယွမ်ကွေ့ဆိုသူကတော့ ဒီလို လမ်းခွဲခြင်းတွေကို အကြောင်းအကျိုး တိုက်ဆိုင်အောင် ဖန်တီးယူထားတဲ့ နည်းလမ်းတွေနဲ့ ၊ ကံကြမ္မာဖန်လို လမ်းခွဲစရာတွေဖြစ်လာရပါတယ်ဆိုတဲ့ အနေအထားမျိုးတွေနဲ့ လမ်းခွဲလိုသူတွေအတွက် ဝန်ဆောင်မှု အပြည့်အဝပေးတဲ့ ဂုရုလမ်းခွဲ ဆရာကြီးတစ်ယောက်ပေါ့။

တစ်နေ့ သူ ဖန်တီး လှည့်စားထားတဲ့ လမ်းခွဲခြင်းပုံပြင်တွေကြားကနေ သူ ချစ်မြတ်နိုးရတဲ့ ကောင်မလေး ရှောင်ချွန်းနဲ့ နဖူးတွေ့ ဒူးတွေ့ ဆုံလာခဲ့တဲ့အခါ...

တခြားသူတွေရဲ့ ကံကြမ္မာကို ဖန်တီးပေးလေသူကြီးဟာ သူ့ကံကြမ္မာရဲ့ရိုက်ချက်ဒဏ်ကို သူကိုယ်တိုင် မရှောင်နိုင်တော့ချိန်မှာ ဘယ်လို  ဘယ်ပုံနည်းတွေနဲ့ ခါးစည်းကာ ပြန်ခံစားလာရမလဲဆိုတာကိုတော့ ....

စိတ်နဲ့လူကို အပျင်းပြေ အမောပြေစေမယ့် ဟာသဇာတ်ကွက်တွေကြား ဒရမ်မာလေးကို ခပ်ပါးပါးထည့်ကာ ရိုက်ကူးထားတဲ့  ဒီ The Breakup Guru ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားနိုင်ဖိုရာ တင်ဆက်ပေးလိုက်ပါတယ်ခင်‌ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

You May Also Like