Fight Against Evil 2

ဒီဇာတ်ကား‌လေးကတော့ မကောင်းမှုဆိုရင် ဘာကိုမှမကြိုက်တဲ့ လီဟောင်ချီလိုခေါ်တဲ့ အရှေ့မြောက်ရဲအရာရှိတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။  ဘလိုင်းဒိတ်ချိန်းတွေ့တဲ့ညမှာ ညစ်ညမ်းရုပ်ပုံစာပေမှာ ပါဝင်ပတ်သက်တဲ့ အနိုင်ကျင့်မှု‌တွေရှိကြောင်းကို မတော်တဆတွေ့ရှိခဲ့တယ်။  သူ့ရဲ့စုံစမ်းစစ်ဆေးမှုတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ မူးယစ်ဆေးဝါးသုံးစွဲမှုကို ထိန်းချုပ်ပြီး အမျိုးသမီးတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ပြည်တွင်းအာဏာရှင်ဂိုဏ်းတစ်ခု ပေါ်ထွက်လာခဲ့တယ်။ ရဲတပ်ဖွဲကလည်း ဒီကိစ္စမှာပွင့်လင်းစွာပါပဲ။ သူအနေနဲ့ သူ့ရဲ့အခင်ဆုံးအစ်ကိုလည်းဒီကိစ္စမှာ ပါဝင်ခဲ့လိမ့်မယ်လို မထင်ထားခဲ့ပါဘူး။ အပြစ်မဲ့အမျိုးသမီးတွေ ဟာသူတိုရဲ့သားကောင်တွေအနေနဲ့ရင်ဆိုင် နေရပြီး သားရဲထက် ယုတ်ညံ့တဲ့ ရာဇ၀တ်ကောင်အုပ်စုတွေကို လီဟောင်ချီက အဆုံးထိတိုက်ခိုက်ဖို ဆုံးဖြတ်ခဲ့ပြီးတော့ ဒီ "ညစ်ညမ်းရုပ်ပုံစာပုံအကျိတ်" ကို ချေမှုန်းပစ်ဖို ဆုံးဖြတ်လိုက်ပါတော့တယ်။လီဟောင်ချီတစ်ယောက် ဒီလိုကြမ်းတမ်းတဲ့ လမ်းခရီးမှာ ဘယ်လို အခက်ခဲတွေနဲ့ရင်ဆိုင်ကြုံတွေရမလဲ။ဘယ်လိုအတားအဆီးတွေကကော သူ့ကိုတားဆီးဖိုရှိနေဦးမှာလဲ။အဲ့အတားဆီးတွေကို သူအနေနဲ့ အမြစ်ပြတ်ချေမှုန်းပြီး မကောင်းမှုတွေမကြိုက်တဲ့ လီဟောင်ချီတစ်ယောက် မကောင်းမှုတွေပပျောက်အောင်ဘယ်လို ကြိုးပမ်းသွားမလဲဆိုတာကို
ဒီဇာတ်လမ်းလေးမှာ ရင်ခုန်စွာ ကြည့်ရှုခံစားရမှာပါ။

You May Also Like