Qimen Dark Blade

          တော်ဝင်သတင်းဌာနချူပ်ကထိပ်တန်း အမျိုးသမီးစုံထောက်ကြီးဖြစ်တဲ့ထန်းဇီယန်းက သူများနဲ့မတူပဲ ကျွမ်းကျင်စွာအလုပ်လုပ်နိုင်တဲ့လုပ်ကြံရေးသမားပါ။တစ်နေ့မှာတော့ သူတာဝန်ကျရာဖြစ်တဲ့လုပ်ကြံရေးအလုပ်ကိုသွားလုပ်ရင်း တစ်ချိန်က သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့မိသားစုကိုသတ်ပစ်ဖိုအကြောင်းဖန်လာခဲ့ပါတယ်။ ထိုမိသားစုကိုသတ်ကာ သွေးစွန်းလာတဲ့လက်ကိုကြည့်ရင်း ဇီယန်းတစ်ယောက်နောင်တရခဲ့ပြီး ချစ်ရသူနဲ့အေးချမ်းစွာ‌နေဖိုကိုပဲရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့မြိုတော်ထဲအရိပ်လူသတ်သမားလိုခေါ်တဲ့ လူသတ်သမားတစ်ယောက်ပေါ်လာတဲ့အခါ ဇီယန်းကိုတာဝန်ပြန်ထမ်းဆောင်ဖိုခေါ်ခဲ့ပြီး အမှုကိစ္စတွေကထင်ထားတာ‌ထက်ရှုပ်ထွေးလာတဲ့အခါ ဇီယန်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ။ ဒီကိစ္စနောက်ကွယ်ကကြိုးကိုင်သူကရောဘယ်သူလဲဆိုတဲ့မေးခွန်းတွေနဲ့ စိတ်ဝင်စားဖိုကောင်းပြီး ဆန်းကြယ်လှတဲ့ တရုတ်သိုင်းကားကောင်းလေးတစ်ကောင်းကို ကြည့်နိုင်ဖိုအခုလိုပဲညွှန်းပေးလိုက်ရပါတယ်။

ဤဇာတ်ကားကိုအညွှန်းရေးပေးပြီးဘာသာ ပြန်ပေးသူမှာ Chann ဖြစ်ပါတယ်။

You May Also Like