Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Death Notice

    ဟောင်ကောင်မှာ မှောင်မိုက်သူဆိုတဲ့ တရားဘက်တော်သား ကွင်းဆက်လူသတ်သမားတစ်ယောက်က သူကွပ်မျက်မယ့်သူတွေကို ဘယ်နေ့ရောက်ရင်သတ်မယ်ဆိုပြီး ‘‘သေခြင်းမှတ်စု’’ ဆိုတဲ့ ပြစ်ဒဏ်သတိပေးစာကို ပို့ပေးတတ်ပါတယ်။

    သတိပေးစာရခဲ့တဲ့ နစ်နာသူတွေကို ရဲတွေဘယ်လောက်ပဲကာကွယ်ပေးခဲ့ခဲ့ မှောင်မိုက်သူဆိုတဲ့ တရားဘက်တော်သား ကွင်းဆက်လူသတ်သမားက မရရအောင် ရက်ရက်စက်စက်သတ်ဖြတ်တတ်ပါတယ်။ 

    ဒီကွင်းဆက်လူသတ်သမားကို ဖမ်းဖို့ ရဲတပ်ဖွဲ့က အထူးအဖွဲ့ဖွဲ့စည်းပြီး လှုပ်ရှားခဲ့ပေမဲ့ ကွင်းဆက်လူသတ်မှုရဲ့နောက်ကွယ်မှာ တခြားဖြစ်ရပ်ကလည်းရှိနေပါသေးတယ်။ ရဲတပ်ဖွဲ့နဲ့ ကွင်းဆက်လူသတ်သမားတို့ကြားမှာ ဘယ်အုပ်စုကအနိုင်ရမလဲ ကွင်းဆက်လူသတ်သမားက မထင်မှတ်ထားတဲ့သူများဖြစ်နေမလား နောက်ဆုံးရော ဖမ်းမိနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားမှာ ရင်သပ်ရှုမောဖွယ်စောင့်ကြည့်ရမှာဖြစ်ပြီး ဒီကားလေးကတော့ ဟောင်ကောင်မှုခင်းဇာတ်ကားတစ်ကားဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုရကျိုးနပ်မှာပါလို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်။

    You May Also Like