Man in Love

          အကြွေးလိုက်ကောက်ပြီးမပေးရင်လူကိုရိုက်တဲ့အထိ လုပ်ပေမယ့်တကယ်လိုတဲ့သူဆိုရင် အလျှော့ပေးတဲ့အားချန်။ တစ်နေ့မှာအကြွေးလိုက်ကောက်ရင်း ဟောင်းထင်ဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီးနောက် သူ့အပြုအမူတွေပြောင်းလဲလာပါတော့တယ်။မြင်ပါများတော့ ချစ်မိသွားတဲ့အားချန်ကအကြွေးကျေချင်ရင် ဟောင်းထင်ကိုသူနဲ့တွဲပေးဖိုတောင်းဆိုရာက ဘာတွေဆက်ဖြစ်လာမလဲ။ ဟောင်းထင်လိုအေးစက်စက်မိန်းကလေးက တကယ်ပဲသူနဲ့တွဲပေးပါ့မလား။ အကြွေးရှင်နဲ့အကြွေးယူထားသူကြား မထင်မှတ်ပဲဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ်ရင်ခုန်စွာနဲ့ ကြည့်ရှုခံစားရမှာပါ။တခြားအချစ်ကားတွေနဲ့မတူပဲ ရိုးအီမသွားတဲ့ဇာတ်လမ်းနဲ့အချစ်ဇာတ်ကားလေးကို ကြည့်နိုင်ဖိုအခုလိုပဲညွှန်းပေးလိုက်ပါတယ်။
(18+ ဇာတ်ကွက်အနည်းငယ်ပါဝင်တာမိုမိသားစုနှင့်ကြည့်ရန်မသင့်ပါ)

ဤဇာတ်ကားကိုအညွှန်းရေးပေးပြီးဘာသာ ပြန်ပေးသူမှာ Chann ဖြစ်ပါတယ်။

You May Also Like