Forbidden Zone (2023)

ဒီForbidden Zone ဆိုတဲ့ဇာတ်ကားလေးကတော့ တရုတ်မှော်စွမ်းအားဇာတ်ကားပုံစံလေးပဲဖြစ်ပြီးသိုင်းကွက်အဆန်းတွေanimation အလှတွေကိုကြိုက်နှစ်သက်တဲ့သူတွေအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ်ရတနာကိုကာကွယ်ဖို့အတွက်သင်တန်းသားတွေကိုစွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ်ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင်ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ်။ စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားကအဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့်သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ်။ ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလိုလူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လား၊တိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကိုလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

You May Also Like