Fall in Love with My Badboy

သူမရဲ့ မွေးရပ်မြေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ကျေးလက်တောရွာနေမိန်းကလေး လင်းယူရှန်းဟာ သတ္တိမရှိတဲ့ သူ့ကိုယ်သူ လုံးဝပြောင်းလဲပစ်မယ်လို ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုနဲ့ သူက ရည်မှန်းချက်ထားပြီး ကမ္ဘာအကောင်းဆုံး နံပါတ် ၁ ကျောင်းတော်ကြီးကို သွားရောက်ပညာသင်ကြားပါတော့တယ်။ အဲဒီအချိန်မှာပဲ လင်းယူရှန်းနဲ့ ကျောင်းတော်ကြီးထဲမှာ မမျှော်လင့်ဘဲ ဆုံစည်းခဲ့ရသူက မာနကြီးပြီး အနိုင်ကျင့်ရန်စတတ်တဲ့ ကောင်ဆိုးလေး ‌လောင်ရှောက်ချန်ပါ။

လင်းက လောင်ရှောက်ချန်ရဲ့ အင်္ကျီကို လူပုံအလယ်မှာ ဆွဲဖြဲမိတဲ့အခါ မာနမင်းသားလေးဟာ ဒေါသအိုးကြီးပေါက်ကွဲသွားပါတော့တယ်။ အဲဒီအချိန်စလို ချန်က လင်းကို သူ့ရဲ့လက်ပါးစေအဖြစ် အနိုင်ကျင့်ပြီး နေ့စဉ်သန့်ရှင်ရေးအလုပ်တွေကို တခုပြီးတခုခိုင်းပါတော့တယ်။

ချန်ရဲ့ လက်စားချေမှုက အောင်မြင်ခဲ့ရဲ့လား၊ မိတ်ဆွေကောင်းတွေကို တွယ်တာတတ်တဲ့ လင်းတယောက် ဘယ်လိုတွေ ချောက်ချခံရဦးမှာလဲ၊ စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတဲ့စကားအတိုင်း ပီဘိကလေးငယ်လေးလို အပြစ်ကင်းစင်တဲ့ လင်းတယောက် ဒုက္ခတွေကို အံတုနိုင်ပါ့မလား၊

မာနကြီးလွန်းပါတယ်ဆိုတဲ့ လောင်ရှောက်ချန်တယောက် သူ့ငယ်သူငယ်ချင်းနဲ့ အလောင်းအစားလုပ်ပြီး လင်းကို မရမက ဘယ်လိုပိုးပန်းပြမလဲဆိုတာ အသဲတယားယားနဲ့ စောင်ကိုက်ပြီးကြည့်ရှုရမယ့် လူငယ်ကြိုက်အချစ်ဖန်စီဟာသဇာတ်မြူးလေး ဖြစ်ပါတယ်နော်။

You May Also Like