Eye of the Storm

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြီး မဖြစ်သေးခင် လွန်ခဲ့တဲ့
( ၁၆)နှစ်လောက်က တရုတ်(တိုင်ပေ)မှာ SARS ဆိုတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါတစ်ခု ဖြစ်ပွားခဲ့ ပါတယ်။ ၂၀၀၃ ခုနှစ် ဧပြီလမှာ ပျံ့နှံခဲ့တဲ့ အဲ့ဒီရောဂါဟာ တိုင်ပေဆေးရုံကို ရောက်ရှိသွားချိန်မှာ စတင်သိရှိ ခဲ့ပြီးတော့ အာဏာပိုင်တွေက ဆေးရုံတစ်ခုလုံးကိုလော့ဒေါင်းချလိုက်ပါတော့တယ်။ အဲ့ဒီဖြစ်ရပ်လေးကို အခြေခံ ပြီးတော့ ဒီဇာတ်ကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် ကပ်ရောဂါတွေဖြစ်လာခဲ့ရင်  ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လိုခံစားကြရသလဲဆိုတာကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေဟာလဲ အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်ဖြစ်တဲ့အတွက် စိုးရိမ်ကြောက်ရွံတာတွေ တစ်ကိုယ်ကောင်း ဆန်တာတွေ စသဖြင့် လူ့စရိုက် သဘောသဘာဝလေးအတိုင်းပဲ အမျိုးမျိုးအဖုံဖုံမြင်တွေ့ရမှာဖြစ်ပြီးတော့  SARS ဆိုတဲ့ ကပ်ရောဂါကြီးကရော ဘယ်လိုတွေဖြစ်ခဲ့သလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်…..

You May Also Like