Mermaid

      ဒီဇာတ်ကားက‌တော့ ဒဏ္ဍာရီလာသတ္တဝါလိုအများယုံကြည်ကြတဲ့ရေသူမလေးနဲ့လူသားကောင်လေးတိုကြားက ချစ်ခြင်းကိုရိုက်ကူးထားတာပါ။ ထောင်းရန်လိုခေါ်တဲ့ဆေးဆရာလေးက ဆေးပင်သွားရှာရင်း မထင်မှတ်ပဲရေကန်ထဲမှာ ရေချိုးနေတဲ့ကောင်မလေးကိုတွေ့ခဲ့ပါတယ်။ ရေသူမလေးရဲ့မျိုးနွယ်စုက လူတွေရဲ့ဝိဉာဉ်ကိုဖမ်းစားကြတာဖြစ်ပြီး ဆေးဆရာထောင်းရန်ကဒီအတွက် ဆေးရှာကာကုသပေးနေတာပါ။သူကိုယ်တိုင်မသိပဲ ရေသူမလေးနဲ့ခင်ရင်း ရင်းနှီးလာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ။  လူတွေသေဆုံးမှုရဲ့နောက်ကွယ်မှာရေသူမလေးတိုအဖွဲရှိနေတာကို သူသိသွားရင်ဘာတွေဆက်ဖြစ်လာမလဲ။ အရင်ခေတ်ကိုရိုက်ကူးထားပေမယ့် ရိုးအီမသွားပဲဆန်းသစ်တဲ့ဇာတ်အိမ်ကလေးနဲ့ရိုက်ကူးထားတဲ့ကားလေးမိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။

ဤဇာတ်ကားကိုအညွှန်းရေးပေးပြီးဘာသာ ပြန်ပေးသူမှာ Chann ဖြစ်ပါတယ်။

You May Also Like