Snake Beauty

အလှအပရဲ့ရေကန်လို ဒဏ္ဍာရီလာပုံပြင်ရှိခဲ့တဲ့ ရေကန်ကြီးထဲ တွန်းချခံရတဲ့လူတိုင်းက မသေနိုင်တဲ့မြက်ပင်တွေလို ပြန်လည်ရှင်သန်လာကြရပါတယ်။ ပြန်လည်ရှင်သန်လာတဲ့အခါ သူတိုကအရင်လိုမျိုးမဟုတ်တော့ပဲ သွေးဆာနေတဲ့ သရဲတွေလို လူသားတွေ တိရစ္ဆာန်တွေရဲ့ သွေးတွေကိုစားသောက်ကာ ရှင်သန်နေထိုင်ကြရတယ်။ ဒီလိုနဲ့ ဖျော်ဖြေရေးသမလေး မေလင်းက တစ်နေ့ဖျော်ဖြေရေးပွဲ အပြီး တပ်ကြပ်လေးဆိုသူနဲ့ ညစာစားဖို အဖိတ်ခံခဲ့ရပါတယ်။ ဒီလိူအဖိတ်ခံရတာကို ရင်ရှင်းက သိတော့ မေလင်းကို လိုက်မသွားဖိုတားခဲ့တာပေါ့… မေလင်းကတော့ ရိုးရိုးသားသားမုန့်ပဲ သွားစားမှာပါ စိတ်မပူပါနဲ့လို ပြောပြီးတပ်ကြပ်လေးဆိုသူနဲ့ လိုက်လာခဲ့လိုက်တယ်။ မေလင်းနဲ့ တပ်ကြပ်လေး တွေ့ပြီးတဲ့နောက်ပိုင်းမှာ မေလင်းကအရင်လိုမဟုတ်တော့ပဲ ထူးထူးဆန်းဆန်းတွေ ပြုမူလာခဲ့တယ်… တစ်ရက် မေလင်းရဲ့ပရိတ်သတ်ဆိုသူ လင်းရှန်ကိုတွေ့တွေ့ချင်းပဲ မေလင်းက သဘောကျသွားခဲ့တယ်။ သူတကယ်ချစ်တဲ့သူနဲ့တွေ့ရော ဒီလိုဘဝမျိုးကို မလိုချင်တော့ပဲ သူ့ရဲ့ပုံစံကိုအရင်လိုပြန် ဖြစ်ချင်ခဲ့တယ်… ဒီတော့ လင်းရှန်ဆိုသူကလည်း ဘယ်လိုကြောင့် မေလင်းကို ကပ်ခဲ့သလဲ မေလင်းကရော တပ်ကြပ်လေးနဲ့ တွေ့ပြီးမှ ဘာလိုထူးထူးဆန်းဆန်းတွေ ပြုမူနေရလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါနော်။

You May Also Like