Eighteen Arhats of Shaolin Temple

"ရှောင်လင်ကျောင်းတော်ကြီးမှ ဘုန်းကြီး ၁၈ ပါး" ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားက‌တော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့ပြီး အာရှတင်မက တကမ္ဘာလုံးမှာ လူကြိုက်များပြီး အောင်မြင်ခဲ့ပါတယ်။ ရုံတင်ပြသပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဝင်ငွေတွေမြင့်တက်လာခဲ့တာပါ။

ဒီဇာတ်ကားထဲမှာတော့ The New Legend of Shaolin ရုပ်ရှင်ထဲမှာ ဂျက်လီရဲ့သားဖြစ်သူနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Mo Tse က ဘုန်းကြီးဝူဂျူဇာတ်ရုပ်နေရာကနေ ခေါင်းဆောင်အဖြစ်ပါဝင်လာခဲ့ပါတယ်။

1554 ခုနှစ်၊ မင်မင်းဆက်ရဲ့ ၃၃ နှစ်မြောက် Jiajing ဧကရာဇ်ဘုရင်နန်းစံနေချိန်မှာ ဂျပန်ပင်လယ်ဓားပြတွေက တရုတ်တိုရဲ့ ကမ်းခြေဒေသကို ကျူးကျော်လာခဲ့ပြီး အရပ်သားပြည်သူတွေကို မီးရှိသတ်ဖြတ်၊ ရိုက်နှက်ခဲ့ကြပြီး တိုင်းသူပြည်သားတွေ အိုးပစ်အိမ်ပစ်စွန့်ခွာထွက်ပြေးကြပါတော့တယ်။

ဒီအခါမှာ မင်းညီလာခံက ဂျပန်သူပုန်တွေကို နှိမ်နင်းဖို ရှောင်လင်ကျောင်းတော်ကြီးက ကွန်ဖူးသိုင်းပညာရှင် ဘုန်းတော်ကြီးတွေကို ဖေးယွခံတပ်မှာ တရုတ်စစ်တပ်ကို သိုင်းပညာသင်ကြားပေးဖို စေလွှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဘုန်းတော်ကြီး ၁၈ ပါး ခံတပ်ကို ရောက်ရှိလာချိန်မှာ တရုတ်စစ်တပ်တွေက ခံတပ်ကို စွန့်ခွာထွက်ပြေးသွားခဲ့တာကို တွေ့ခဲ့ရပြီး ပြည်သူတွေက ဂျပန်ဗိုလ်ချုပ်မိုရှီနီရဲ့လက်ခုပ်ထဲကရေဖြစ်နေခဲ့တာပါ။

ဒါကိုမြင်တွေ့ရတဲ့အခါ ဘုန်းဝောာ်ကြီးဝူဂျူဦးဆောင်ပြီး ဂျပန်ဓားပြတွေကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ ကွန်ဖူးသိုင်းပညာအစွမ်းနဲ့ ပြည်သူတွေကို ဘယ်လိုကယ်တင်ပေးသွားမလဲ၊ နိုင်ငံ့ဂုဏ်ဆောင် ဘုန်းကြီးတွေအဖြစ် ပြည်တော်ဝင်နိုင်ပါ့မလားဆိုတာကို ဗုဒ္ဓဘာသာအယူအဆတွေနဲ့ အသိဗဟုသုတရဖွယ် တင်ဆက်ထားတဲ့ တရုတ်ရိုးရာသိုင်းပညာဇာတ်ကားကောင်းလေးတခုဖြစ်ပါတယ်။

You May Also Like