To Live Through Death

စားဝတ်နေရေးအတွက် ခက်ခဲတဲ့အခါ မွေးရပ်မြေကိုစွန့်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွါပိုက်ဆံရှာရတာမျိုးလည်းရှိပါတယ်

တချိုတွေကတော့ ပိုက်ဆံသုံးနိုင်တာကြောင့် နိုင်ငံကူးလက်မှတ်တွေနဲ့ သွားကြပြီး မသုံးနိုင်တဲ့သူတွေကတော့ အောက်လမ်းကနေသွားရင်း လူကုန်ကူးခံရတာမျိုးလည်း ရှိပါတယ်

ဒီကားမှာတော့ လူကုန်ကူးမှု၊ဆေးမှုနဲ့ တခြားဒုစရိုက်မှုများစွာလုပ်ကြတဲ့ အဖွဲတစ်ဖွဲကို ရဲတွေက လိုက်လံဖမ်းဆီးကြမှာပါ

ဇာတ်လမ်းအညွှန်း…..

ဖာကွေအဖွဲဟာ လူကုန်ကူးမှုနဲ့ တခြားသောဒုစရိုက်မှုတွေကိုပါလုပ်ကြတဲ့ ဒုစရိုက်အဖွဲတစ်ဖွဲဖြစ်ပါတယ် 
သူတိုဟာ လင်ဟိုင်ယာဆိုတဲ့သူရဲ့ မိန်းမနဲ့ကလေးကို ဖမ်းခေါ်ထားပြီး လင်ဟိုင်ယာကို ရွှေတွေဓားပြတိုက်ဖို ဖိအားပေးခဲ့ပါတယ်
တစ်နေ့ လင်ဟိုင်ယာက သူတိုပြောသလို ရွှေတွေခိုးပေးပေမဲ့ သူ့ရဲ့မိန်းမနဲ့ကလေးကို သတ်ပစ်ခဲ့ပြီး သူကိုယ်တိုင်လည်း ဖာကွေအဖွဲလိုက်သတ်တာခံခဲ့ရပါတယ်
လူတစ်ယောက်ရဲ့အကူအညီနဲ့ လင်ဟိုင်ယာဟာ မျက်နှာခွဲစိတ်ခဲ့ပြီး သာမန်ဘဝနဲ့ရှင်သန်နေထိုင်ခဲ့သော်လည်း 
သံသရာတစ်ပတ်လည်လာသောအခါ….

You May Also Like