Deliverance

ညီအစ်ကို ၄ ယောက်နဲ့ ညီမလေး ၁ ယောက်တို့က လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကဆုံးသွားခဲ့တဲ့အမေဖြစ်သူနဲ့ ပတ်သက်ပြီး မမေ့နိုင်ဖြစ်နေကြတယ်။ ၁၅ နှစ်ကြာပြီးတဲ့အခါ သူတို့ညီမလေးရွှီတစ်ယောက် အစ်ကိုတွေနဲ့အတူနေဖို့ ဟောင်ကောင်ကိုပြန်လာခဲ့ပေမဲ့ ညဘက်တွေရောက်တဲ့အခါ အမေဖြစ်သူရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာပြီး သူမကိုခြောက်လှန့်နေခဲ့ပါတယ်။

ညီမဖြစ်သူမှတ်ဉာဏ်တွေပြန်ရလာဖို့ အစ်ကိုကြီးဖြစ်သူ ပါမောက္ခဖန်းနဲ့ အိပ်မွေ့ချတဲ့အစီစဉ်ကိုလုပ်ရင်း သူတို့မိသားစုရဲ့အတိတ် စိတ်ဒဏ်ရာကြီးဟာ မမျှော်လင့်ဘဲ ပြန်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့သူတို့မိသားစုကြားမှာ အထင်လွဲစရာတွေဖြစ်လာပြီး ချစ်ခြင်းမေတ္တာကိုနားလည်နိုင်ဖို့ခက်ခဲလာပါတော့တယ်။ ဒီကားလေးကတော့ နာမည်ကျော်ဟောင်ကောင်မင်းသား Simon Yam ပါဝင်ထားတဲ့ မှုခင်းကားကောင်းတစ်ကားဖြစ်ပြီး မိသားစုကြားထဲကချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးထားပါတယ်။

You May Also Like