Eye for an eye 2

ဒီကားလေးကတော့ ၂၀၂၂ ကထွက်ရှိခဲ့တဲ့ ကားရဲ့ Sequel အနေနဲ့ ထွက်ရှိလာတဲ့ ကားလေးပါ။ ကြေးစားမုဆိုး မျက်ကန်းကြီးချန်ရဲ့ ဓားစွမ်းရည်တွေကို ဆက်လက်ရှုစားရဦးမယ့်ကားလေးပါ..။

ကြေးစားဘ၀နဲ့ဆုငွေထုတ်ပြီး ဘ၀ကိုတိတ်တဆိတ်ရှင်သန်နေတဲ့ မျက်ကန်းကြီးချန်ရဲ့ဘ၀ထဲ နောက်တစ်ခါရောက်လာသူကတော့ ၇ နှစ် ၈ နှစ်အရွယ်ကလေးမလေး ကျန်းရှောင်ယွီပါပဲ။ မိသားစုရဲ့အဖြစ်ဆိုးကြောင့် ထွက်ပြေးနေရတဲ့ ကလေးနှစ်ယောက်မှာ ရှောင်ယွီကိုမတော်တဆကယ်လိုက်မိသလိုဖြစ်တာမို အငယ်လေးရှောင်ဆောင်ဟာ လူသတ်သမားတွေရဲ့ လက်မှာ သေဆုံးခဲ့ရပါတယ်။

မိသားစုရဲ့ ရန်ကြွေးအတွက် ချန့်ကိုအကူအညီတောင်းခဲ့ပေမဲ့ လက်မခံခဲ့တာကြောင့် ကလေးမလေးဟာ ချန့်ဆီမှာ တောက်တိုမယ်ရလုပ်ရင်းသောင်တင်နေခဲ့ပါတယ်။ ကလဲ့စားချေဖို ရန်ကြွေးကိုလက်မလျှော့ခဲ့တဲ့ ရှောင်ယွီကြောင့် မျကိကန်းကြီးချန်တစ်ယောက် ဒီတစ်ခါရော ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရဦးမလဲဆိုတာ ...

ဒီကားလေးမှာဆက်လက်ရှုစား ကြပါဦး။

You May Also Like