The Red Sparrow

၂၁ ရာစုရဲ့ ဒုတိယပိုင်းမှာ လူသားတွေနဲ့ ဉာဏ်ရည်တုစက်ရုပ်တွေကြား ပြင်းထန်တဲ့ ပဋိပက္ခတခု ဖြစ်ပွားခဲ့ပါတယ်။ ယီနီဟာ 2060 ခုနှစ်ဖြစ်ရပ်ဆိုးမှာ မွေးဖွားလာခဲ့သူဖြစ်ပြီး အင်ဂျင်နီယာချုပ်ဖြစ်တဲ့ သူ့ရဲ့မိခင် ယီနာက လူသားတွေရဲ့ဆဲလ်အတွင်းက မျိုးရိုးဗီဇကို ပြောင်းလဲနိုင်တဲ့ ဖီးနစ်စနစ်ကို တီထွင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ ဝိသမလောဘသားတွေဖြစ်တဲ့ ရွန်အုပ်စုက လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ဖိုအတွက် အန္တိမလက်နက်ကို တီထွင်ဖို ကြိုးစားခဲ့ကြပါတယ်။ 2060 ခုနှစ်ဖြစ်ရပ်ဆိုးမှာ ရွန်အုပ်စုရဲ့ရန်ကြောင့် ဖီးနစ်စနစ်ကြီးဟာ ခိုးယူခံခဲ့ရပါတယ်။ ယီနီဟာလည်း မွေးမွေးချင်းနေ့မှာပဲ မိခင်နဲ့ဖခင်ကို ဆုံးရှူးခဲ့ရပြီး မိဘမဲ့ကျောင်းမှာ ကြီးပြင်ခဲ့ရရှာပါတယ်။

တချိန်မှာတော့ ဘယ်သူနဲ့မှမတူအောင်ကို ထူးခြားစွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ ယီနီက သူ့မိခင်ဆီမှာ အလုပ်လုပ်ပေးခဲ့တဲ့ ကောင်းကင်တမန်တပ်သားတွေနဲ့ ပြန်လည်ပေါင်းစည်မိသွားတဲ့အခါ...

ရန်သူတော်ကြီး မစ္စတာရွန်ကို ယီနီက ဘယ်လို သွေးကြွေးဆပ်သွားမှာလဲ...

သူက မစ္စတာရွန် ပုံတူပွဖန်တီးထားတဲ့ လူသတ်သမား စက်ရုပ်တွေလက်ထဲကနေ လူသားမျိုးနွယ်နဲ့ကမ္ဘာမြေကြီးကို ကယ်တင်ဖို ဘယ်လိုစွမ်းဆောင်သွားမလဲဆိုတာ အသည်းတအေးအေးနဲ့ စောင့်ကြည့်ရမယ့် တရုတ်သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

You May Also Like