snowstorm

ဒီရုပ်ရှင်လေးကတော့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ လူသွားလမ်းပေါ် ဆေးလိပ်ထွက်သောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားတဲ့ အမှုကို ရဲအရာရှိ Zhou Yutong နဲ့ လက်ထောက် Wang Feng တို အမှုလိုက်ကြရာကနေ အစချီထားပါတယ်။ 

ဒီအချိန်မှာပဲ ဒီအမှုရဲ့ နောက်ကွယ်ကကြိုးကိုင်သူ Fanမိသားစုက ညီအစ်ကိုနှစ်ယောက်ကလည်း ဒီကိစ္စကိုတိတ်တဆိတ်ဖြေရှင်းဖိုကြိုးစားနေတုန်း Wang Feng တစ်ယောက် ဓားခုတ်ရာလက်ဝင်လျှိဖြစ်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။ ဒီအတွက်ကြောင့် Zhou လည်း Fanညီအစ်ကို ကို အားသွန်ခွန်စိုက် လိုက်လံဖမ်းဆီးဖို ဘယ်လိုတွေ ဆက်ကြိုးစားသွားဦးမလဲ။ Fan မိသားစု အရှုပ်တော်ပုံတွေကရော ဘယ်လောက်ထိ ရှုပ်ထွေးကြသလဲ။ နောက်ဆုံး အနုတ် 30ဒီဂရီထိ အေးတဲ့ နှင်းမုန်တိုင်းကြားမှာ Zhou တစ်ယောက် ရာဇဝတ်မှုကျူးလွန်သူတွေကို ဘယ်လိုလက်ရဖမ်းဆီးမလဲ ဆိုတာကို အားပါးတရ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်

You May Also Like