Lost In The Star (2022)

မင်္ဂလာနှစ်ပတ်လည်နေ့မှာပျောက်ဆုံးသွားတဲ့ဇနီးသည်လေး ကိုဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှနေပါတယ်။ ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကိုအပန်းဖြေရီးထွက်လာခဲ့ပါတယ် အဲဒီအချိန်မှမထင်မှတ်ပဲမုကျစ်ဟာရုတ်တရက်ပျောက် သွားခဲ့တယ်။(၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့သူစိမ်းမိန်းကလေးတစယောက်ဟာသူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာရေဂါရှိတဲ့သူဆို ပြီးတန်ပြန်စွပ်စွဲပြန်တယ်။ဟယ်ဖေးဟာဘယ်လိုငြင်းငြင်းဘယ်လိုသက်​သေတွေပဲရှာ ရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။ မိန်းကလေးဟာတကယ်ပဲဟယ်ဖေးရဲ့ဇနီးလား…ဟယ်ဖေးပြောသလိုပဲအယောင်ဆောင်တဲ့သူတစ်ယောက်ဒါမှမဟုတ်ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်း နေတာလား.....မထင်မှတ်တဲ့ ဇာတ်ကွက်တွေနဲ့ဇာတ်ကားတစ်လျှောက်လုံးအရှိန်ကောင်းကောင်းနဲ့ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ် သွားနိုင်တဲ့အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါ တယ်နော်။

You May Also Like