Twilight of the Warriors: Walled In

၁၉၉၇ ခုနှစ်မှာ UN က ဒုက္ခသည်တွေကို ဟောင်ကောင်မှာ နိုင်ငံရေးခိုလှုခွင့်ပေးလိုက်တဲ့အတွက် ကမ္ဘာတဝှမ်းကဒုက္ခသည်တွေဟာ ဟောင်ကောင်ကိုစုပြုံရောက်ရှိလာကြပါတယ်။ ဒီအထဲမှာ တရားမဝင်မှောင်ခိုရောက်ရှိလာတဲ့သူတွေလည်း ဒုနဲ့ဒေးပေါ့။ ဟောင်ကောင်အတွက် လွတ်လပ်ရေးရပြီးစကာလဖြစ်တာကြောင့် နေရာအနှံမှာလည်း မြေအောက်မူးယစ်ဂိုဏ်းတွေက ကြီးစိုးမင်းမူနေခဲ့ပါတယ်။ 

မှောင်ခိုလမ်းကရောက်ရှိလာတဲ့ ချန်လော့ကွမ်းဟာလည်း မြေအောက်ဂိုဏ်းတစ်ဂိုဏ်းနဲ့ သွားရှုပ်မိတဲ့အတွက် ထွက်ပြေးရင်းနဲ့ တံတိုင်းမြိုတော်လိုခေါ်တဲ့ ဟောင်ကောင်ရဲ့အညှီအဟောက်တွေစုဝေးရာ ဒုစရိုက်သမားအမျိုးမျိုးနဲ့ မျက်နှာမွဲအောက်ခြေလူတန်းစားတိုပျော်မွေ့ရာ ဆင်ခြေဖုံးအရပ်လေးကို ရောက်ရှိသွားခဲ့ပါတယ်။ 

ချန်လော့ကွမ်းဟာ ဒီတံတိုင်းမြိုတော်မှာပဲ အလုပ်မျိုးစုံမနားမနေလုပ်ပြီး မှတ်ပုံတင်ကတ်ရရှိပြီး တရားဝင်နိုင်ငံသားဖြစ်ဖိုကြိုးစားရင်း ချစ်သူ၊ မုန်းသူ၊ မိတ်ဆွေတွေ ဘယ်လိုရရှိလာပြီး အန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှူရမဲ့ ဟောင်ကောင်အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

You May Also Like