Lost in Perfection

ဒီကားကတော့ Netflix ကနေ ထွက်ရှိထားတဲ့ အချစ်ဇာတ်လမ်းနဲ့ သည်းထိတ်ရင်ဖို ထိုင်ဝမ်မှုခင်းဇာတ်လမ်းဖြစ်ပါတယ်။ မြင်နေကျ မှုခင်းဇာတ်ကားတွေနဲ့ မတူလောက်အောင်ကို ဒီကားက Next Level လို ပြောရမှာပါ။

ချစ်ကြင်နာမှု၊ ပြုစုယုယမှုတွေနဲ့ ဖျားယောင်းခံရတဲ့ ‌ အမျိုးသားတွေဟာ ပျော်ရွှင်နေလျက်သားနဲ့ ရုတ်တရက်ပဲ သူတိုကိုယ်သူတို သတ်သေသွားခဲ့ကြပါတယ်။ သူတိုဘာဖြစ်သွားကြတာလဲ။ သူတိုမိသားစုဝင်တွေက ကြေကွဲဝမ်းနည်းရပြီး သူတိုစိတ်မှာ အမြင်မကြည်တဲ့ မိန်းမတယောက်ရှိနေပါတယ်။ အဲဒါက ဘယ်သူလဲ။

ဒီအမျိုးသားတွေကို ဖျားယောင်းသိမ်းသွင်းခဲ့သူက ဝဝဖိုင့်ဖိုင့် အန်တီကြီး ဟိုရှုဟန်ပါ။ သူက အနှိပ်ခန်းမှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့ရသလို ဘောစိတွေရဲ့ စပွန်ဆာယူပြီး ဘဝရပ်တည်နေရသူပါ။ သူက ဒီယောင်္ကျား ၃ ယောက်တိတိကို သတ်ခဲ့တယ်လို စွပ်စွဲခံခဲ့ရပါတယ်။

တဖက်မှာတော့ နိုင်ငံကျော် သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ ဟောင်လီမေ..... သူက စေ့စပ်ထားတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုတော့မယ့်အချိန်မှာ ဖခင်ဖြစ်သူကလည်း အမျိုးသမီးတယောက်နဲ့ တွေ့ဆုံပြီး ဆေးပေးမီးယူဖို ဖြစ်လာတဲ့အခါ...

ဖခင် မစ္စတာဟောင်က ဘာကြောင့် ဒီအမျိုးသမီးကို တန်းတန်းစွဲသွားခဲ့တာလဲ။ သမီးဖြစ်သူက သူ့အဖေနဲ့ ကြိုက်နေတဲ့ ဟိုရှုလန်ရဲ့ နောက်ကြောင်းကို ဘယ်လိုဖော်ထုတ်သွားမလဲ။ သူက တကယ်ပဲ ပိုင်းလုံးမ လူသတ်သမားလား။ ဖခင်ဖြစ်သူကို ကာကွယ်ပြီး ရှုလန်ကို ထောင်ချဖို အစိုးရရှေ့နေတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြတဲ့အခါမှာတော့.....။ 

ဒီကားဟာ ဖြစ်ရပ်မှ အဖြစ်အပျက်တွေအပေါ်မှာ အခြေခံကာ ဇာတ်အိမ်တည်ဆောက်ထားဖြစ်ပြီး သတင်းမီဒီယာလောကရဲ့ ပုပ်ပွနေတဲ့ ကျင့်ဝတ်သိက္ခာတွေနဲ့ မှူခင်းအ‌ခြေအနေရဲ့ ပဟေဠိတွေက တဆင့်ပြီးတဆင့် အရှိန်မြင့်တက်လာတဲ့အခါမှာတော့ သတင်းတင်ဆက်သူ ဟောင်လီမေတယောက် တရားမျှတမှုကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

You May Also Like