Reign of Assassins

သိုင်းလောကမှာ သတင်းတစ်ခုရှိပါတယ်။ ဗောဓိဆရာတော်ရဲ့ ရုပ်အလောင်းကို ရရင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ် ရောဂါအားလုံးလည်း ပျောက်ကင်းနိုင်မယ်ပေါ့။ အဲဒီအလောင်းကိုရဖို့ အားလုံးတိုက်ခိုက်နေကြချိန်မှာ အလွန်အစွမ်းထက်တဲ့ လျို့ဝှက် လူသတ်သမားအဖွဲ့ ကျောက်မည်းဂိုဏ်းပါ ပါဝင်လာပါတယ်။

အဲဒီဂိုဏ်းရဲ့ နာမည်ကြီး လူသတ်သမား မိုးဖွဲ(မစ်ချဲယို) ဟာ အလောင်းတစ်ဝက်ကို ရသွားပြီး အကြောင်းတစ်ခုနဲ့ ဇာတ်မြှပ်သွားပါတယ်၊ အိမ်ထောင်ပြုပြီး သာမန်အိမ်ရှင်မ ဘဝနဲ့နေထိုင်နေပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အတိတ်က ကျောက်မည်းဂိုဏ်းသားတွေက အလောင်းနဲ့ မိုးဖွဲ့နောက်ကို အဆက်မပြတ်လိုက်နေကြဆဲပါပဲ။

တစ်နေ့မှာတော့ သူ့ခင်ပွန်းကို ကယ်ဖို့ ဝှက်ထားတဲ့ သိုင်းပညာကို ထုတ်သုံးလိုက်ချိန်မှာ ကျောက်မည်းဂိုဏ်းက ခြေရာခံမိပြီး မိတ်ဆွေဟောင်း တစ်ဖြစ်လဲ ရန်သူတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

You May Also Like