ဒီဇာတ်ကားလေးကတော့ ဝေ့ရမ်ဆိုတဲ့ကောင်မလေးက မိခင်ဖြစ်သူရဲ့နှိပ်စက်မှုတွေခံခဲ့ရတော့ သွေးအေးပြီး ဘယ်သူနဲ့မှစကားမပြောတဲ့သူတစ်ယောက်ပါ။တစ်နေ့သူ့အတန်းမှာ အတန်းဖော်သစ်တစ်ယောက်သူ့ဘေးမှာလာထိုင်ရင်း အဲ့ကောင်မလေးနဲ့သူငယ်ချင်းဖြစ်သွားရာကနေ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်ဝေ့ရမ်ကတော့အချစ်ကိုအယုံအကြည်မရှိပေမဲ့ ရှောင်ရှင်းက သူနဲ့သိပ်မကြာခင်လက်ထပ်တောမဲ့ချစ်သူတစ်ယောက်ရှိတယ်ဒီလိုနဲ့ကံကြမ္မာရဲ့လှည့်ကွက်က အချစ်ကိုအယုံအကြည်မရှိတဲ့ဝေ့ရမ်တစ်ယောက် ပထမဆုံးအချစ်ကိုသိပြီးချစ်မိသွားတဲ့သူက သူ့သူငယ်ချင်းရဲကောင်လေးဖြစ်နေတဲ့အခါမှာတော့အချစ်နဲ့သူငယ်ချင်းသံယောဇဥ်တွေကြားဘယ်လိုတွေဗျာများရမလဲ ဝေ့ရမ်ရော နောက်ဆုံးအချစ်ကိုပဲဆက်တိုးသွားမလား သူငယ်ချင်းကိုပဲ လက်လွတ်မခံပဲထားမလား ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်ပါတရုတ် ရိုမန့်ကားလေးမို့ ကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်