YOLO / You Only Live Once 2023

"Du Le Ying ဆိုတဲ့မိန်းကလေးဟာ အလုပ်မယ်မယ်ရရမရှိဘဲ အိမ်ထဲမှာပဲနေခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပါပြီ တက္ကသိုလ်ဘွဲ့ရပြီးနောက် အလုပ်ခွင်ထဲသို့ ဝင်ရောက်ခဲ့တဲ့ Le Ying ဟာ တစ်ချိန်ကျတော့ ထိုလူ့အဖွဲ့အစည်းထဲက‌နေ ကျောခိုင်းထွက်ခဲ့ပြီး လူမှုဆက်ဆံရေးတွေကို ရပ်တန့်ပစ်ဖို့ ရွေးချယ်ခဲ့ပါတယ် ထိုသို့ပြုလုပ်ခြင်းဟာ သူမကိုယ်သူမ ဖြေရှင်းချက်ပေးနိုင်တဲ့ စိတ်သက်သာရရနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ထင်ခဲ့ပါတယ် ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်ပေါင်းများစွာကြောင့် တစ်နေ့မှာတော့ Le Ying ဟာ သူမရဲ့ဘဝကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပြင်လောကနဲ့ သတိကြီးစွာ ပြန်လည်ထိတွေ့ဆက်ဆံ‌နေချိန်မှာပဲ Le Ying ဟာ လက်ဝှေ့နည်းပြ Hao Kun ဆိုသူနဲ့ ဆုံမိခဲ့ပါတယ် သူမဟာ ဘဝကို တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိတော့မယ်လို့ ထင်‌ရချိန်မှာပဲ နောက်ဆက်တွဲလိုက်လာတဲ့ စမ်းသပ်မှုတွေဟာ မှန်းဆထားတာထက် ကျော်လွန်နေခဲ့ပါတယ် သူမရဲ့ အဆုံးမဲ့ တောက်လောင်မယ့် ဘဝသစ်ဟာ တကယ်တော့ အခုမှစတင်တာပါ ..."

You May Also Like