Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    House of Flying Daggers

    အခုတင်ဆက်ပေးမယ့် House of Flying Daggers အမည်ရ တရုတ်ဇာတ်ကားကတော့ ဇာတ်ကားဟောင်းဟောင်း ဇာတ်လမ်းကောင်း အမျိုးအစားအထဲမှာပါတဲ့ ဇာတ်ကားမျိုးပါ။

    တရုတ်တန်မင်းဆက်လက်ထက် ထီးဆောင်းဘုရင်ရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့် တိုင်းပြည်ဟာ မငြိမ်မသက်ဖြစ်လာတယ်။ 

    ဒါကြောင့် ဘုရင့်ရဲ့အုပ်ချုပ်မှုစနစ်ကို ဆန့်ကျင်တဲ့ အဖွဲတွေ အရပ်ဒေသအသီးသီးမှာ ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအဖွဲတွေထဲမှာမှ ဓားပျံအိမ်တော်အဖွဲက နာမည်ကြီးအဖွဲတစ်ဖွဲ ဖြစ်တယ်။

    ထိုအဖွဲထဲက ရှောင်မေဆိုတဲ့မိန်းကလေးက ဆောင်ကြာမြိုင်တစ်ခုမှာ ကချေသည်အဖြစ် ဟန်ဆောင်ကာ ဘုရင့်လက်ပါးစေတပ်တွေကို အပြတ်ရှင်းနိုင်ဖို ပုန်းကွယ်အားထုတ်ရင်းက....

    ကံကြမ္မာအလှည့်အပြောင်းအရ ရန်သူဖြစ်တဲ့ ဘုရင့်လက်ပါးစေ ကောင်တီမှူးဂျင်ရဲ့ လုပ်ကြံဇာတ်ထဲမှာ သုံးရက်တာမျှ အတူတူဖြတ်သန်းခဲ့ရင်းက....

    နှစ်ယောက်ထဲက တစ်ယောက်သာ ရှင်သန်ကျန်ရစ်ရမယ့် ရန်သူ့နှလုံးသားနှစ်စုံဟာ ရူးရူးမိုက်မိုက် အရှေ့ကိုတိုးကာ ကိုယ်စီ ကိုယ်စီ နယ်ကျွံလာတဲ့အခါ....

    အပြန်အလှန် ချစ်ရသော နှလုံးသားတွေရဲ့ အပြန်အအလှန် အနာခံပေးလိုမှုတွေကြားက ပဲ့ထွက်လာတဲ့ ကြေကွဲ ဆွေးမြည့်ခြင်း အပိုင်းအစတွေဟာ

    မျက်ကန်း ‌တစ္ဆေမကြောက်သည့်နှယ် ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ ရင်ခွင်နှစ်ခုဆီကို ဘယ်ပုံ ဘယ်နည်း ပြန့်ကြဲ လွင့်စင် စိုက်ဝင်သွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    You May Also Like