Rob N Roll (2024)

ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့ အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Gordon Lam နဲ့ Richie Jenတို့လို ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာအရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။ အဲ့ဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင် လိုက်ရှာရင်း သူတိုနှစ်ယောက်နဲ့သွားဆုံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖိုဖြစ်သွားခဲ့ကြတယ်။သူတိုရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖိုကြိုးစားနေတယ်။တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတိုတွေဟာ ဘယ်လိုဖြစ်လာကြမလဲ……. ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့် ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးခံစားလိုကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

You May Also Like