Hit Team

အခုတစ်ခါမှာတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ ဟောင်ကောင်အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဟောင်ကောင်ကတော့သိတဲ့အတိုင်း အက်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်ပြီး So Close၊ ဟောင်ကောင်ဂျက်မတိုဟာဆိုရင် ပရိသတ်အသည်းစွဲဇာတ်ကားတွေပါပဲ။ 

ဒီဇာတ်ကားဟာ ရဲမှုးကြီး ချန်ကျစ်ဝေ ဦးဆောင်ပြီး မူးယစ်ဂိုဏ်းအကြီးစားတွေကို နှိမ်နှင်းနိုင်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ 
ဟောင်ကောင်အထူးရဲတပ်ဖွဲက ဟောင်ကောင်ရှိ မူးယစ်ဂိုဏ်းကြီး တစ်ခုအတွင်း သားလုပ်သူမှ ဖခင်နေရာကိုလုဖို ကြိုးစားနေတဲ့ သတင်းကို ရတဲ့ အတွက်စုံးစမ်းစစ်ဆေးနေတဲ့အတွက် နောက်ကွယ်က ဖြစ်ရပ်များကို သတိမထားမိလိုက်ဖြစ်သွားပါတယ်။ လှပပြီထက်မြတ်သော သမီးဖြစ်သူက တကယ့်ကြိုးကိုင်သူဖြစ်နေပြီး တရားရေးဌာနများနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို သူမသည် ဘာမှမသိပဲ မြေအောက်လောကတွင် ကြားညှပ်နေသောသူ တစ်ဦးကဲ့သို ထင်မြင်အောင် သရုပ်ဆောင်ထားပါတယ်။ ဒါကို ရဲမှုး ဂျော်ဒန်ချန် သတိထားမိသောကြောင့် သူမမာယာကျော့ကွင်းမှ လွတ်မြောက်ဖို ကြိုးစားရင်း လွတ်မလွတ်ကိုတော့ ဇာတ်လမ်းမှာ ဆက်ရှုစားတာပေါ့ဗျာ .....

You May Also Like