The Gold Finger 2023

နာမည်ကြီးဇာတ်ကားဖြစ်တဲ့ The Gold Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးတော့ လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီးဒေဝါလီခံလိုက်ရတယ်။ဒီလိုနဲ့အလုပ်ကိုကြိုးစားရှာရင်းတနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာကြေးစားသူဌေးအယောင်ဆောင်အဖြစ်လုပ်ရင်းတကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။  ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေးရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။တစ်စတစ်စနဲ့ တဖြည်းဖြည်းဟောင်ကောင်မှာလက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICACအဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာလျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီးပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။
စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့လှည့်ကွက်တွေ  လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ်ပျော်မွေ့နေမှုစတာတွေကိုအကောင်းမွန်ဆုံးဇာတ်အိမ်နဲ့အတူဖန်တီးပေးထားတာဖြစ်ပါတယ်.. ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင်ပါ

You May Also Like