Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Prison Flowers

    တိုင်ယင်ဂွမ်ဆိုတာကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ မှားယွင်းအစွပ်စွဲခံရမှုကြောင့် ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲရောက်တဲ့အချိန်မှာ ယောက်မပေါ်နဲ့မြေပြင်တိုက်ပွဲဖြစ်တော့မယ်ဆိုတာကို သူအလျင်မြန်သဘောပေါက်သွားပါတယ်။ ဒါကြောင့်သူ့ကိုယ်သူကာကွယ်ဖို့အတွက် ယောက်မပေါ်ကိုဆန့်ကျင်ဖို့ ခယ်လိ၊ အမေပေါ်တို့နဲ့ပူးပေါင်းဖို့စီစဉ်လိုက်ပါတယ်။ ထောင်ထဲမှာလည်း သူ့ရဲ့စီးပွားရေးကျွမ်းကျင်မှုကိုအသုံးချပြီး ဆေးလိပ်မှောင်ခိုစျေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ကထွက်ပြီး တစ်နှစ်အကြာမှ ထောင်ထဲပြန်ဝင်လာတဲ့ ထန်းကျူးဟွမ်ကြောင့် ထောင်တွင်းမှာ ပြဿနာတွေတန်းစီတက်လာပါတော့တယ်။ ထောင်ကားတွေထဲကမှ ထူးထူးခြားခြား အမျိုးသမီးတွေချည်းပဲ ထည့်ရိုက်ထားတာမို့လို့ အမြင်တစ်မျိုးနဲ့ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ရှုဖို့လည်းတိုက်တွန်းပါရစေ။

    You May Also Like