Red Cliff

ဒီကားလေးကတော့ ဝါရင့်သရုပ်ဆောင်ဆောင်သုံးဦး ပါ၀င်သရုပ်ဆောင်ထားသော ကားလေး ဖြစ်ပါတယ်
မင်းသုံးပါးအပြိုင် ယှဉ်ပြိုင်ကြတဲ့ ခေတ်အချိန်က အကြောင်းလေးကို ရိုက်ကူးထားသောကား ဖြစ်ပါတယ်

ငယ်ရွယ်စဉ်က တွေ့ခဲ့တယ် ရှောင်ရှောင်းဆိုတဲ့ မိန်းမပျိုလေးကို တိတ်တခိုးသဘောကျရာကနေ အောင်မြင်တဲ့ ၀န်ကြီးချုပ် အဖြစ်ရောက်လာတဲ့ အခါမှာတော့ ချစ်ရတဲ့ ရှောင်ရှောင်းက သူတစ်ပါးဇနီးဖြစ်နေခဲ့ပါပြီ
အဲ့လိုကနေ စစ်ပွဲ ဆင်နွှရတဲ့ အထိ ဖြစ်လာခဲ့တယ်

စစ်သည်အင်အား ၈သိန်းနဲ့ အင်အား ၃ သောင်းကျော် စစ်သည်တို ဘယ်လို ယှဉ်ပြိုင်တိုက်ခိုက်ကြမလဲ
မိခင်သဘာ၀တရားကြီးကို လိုက်လျောညီထွေ နားလည်တတ်ကျွမ်းတဲ့ ကွမ်မင်ကကော ဘယ်လို စစ်ရေးနည်းဗျူဟာတွေ ပြသသွားမလဲ
ရှေးခေတ် စစ်ကားလေး ဆိုပေမဲ့ ဉာဏ်ရည်ချင်း စွမ်းရည်ချင်း ယှဉ်တိုက်သွားတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမဲ့ ကားလေး ဖြစ်ပါတယ်
မင်းသုံးပါး ယှဉ်ပြိုင်မှုမှာ နောက်ဆုံး ဘယ်သူက အလေးသာသွားမလဲဆို စောင့်ကြည့်ကြပါအုံးနော်

You May Also Like