ဟုန်အိမ်တော်ရဲ့ကိုယ်ခံပညာလေ့ကျင့်မှုကိုတားမြစ်ခံထားရတဲ့ သခင်လေးဟုန်ရီ။ သာမန်လူသားတစ်ယောက်အနေနဲ့ပဲရှင်သန်ကြီးပြင်းလာတဲ့သခင်လေးဟုန်ရီမှာ ဘယ်လိုထူးခြားဆန်းကြယ်တဲ့အကြောင်းအရာတွေရှိနေလောက်မလဲ။ ဂိုဏ်းတစ်ခုကိုကယ်တင်ပေးနိုင်မဲ့တစ်ဦးတည်းသောကယ်တင်ရှင်ဖြစ်လာခဲ့တဲ့ဟုန်ရီဟာ သူ့ရဲ့မိခင်ချန်ထားခဲ့တဲ့လျှို့ဝှက်စာတွေကိုဖော်ထုတ်အသုံးချနိုင်ပါ့မလား။ ကိုယ်ခံပညာတောင်မသင်ယူခဲ့ရတဲ့ဟုန်ရီဟာ ဂိုဏ်းတစ်ခုလုံးကိုကာကွယ်နိုင်ဖို့ ဘယ်လိုပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေလုပ်ခဲ့ရလဲ ဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တရုတ်သိုင်းကားပရိသတ်တွေအကြိုက် စွမ်းအားချင်းယှဉ်ပြိုင်မှုတွေ၊ တိုက်ခိုက်မှုတွေကို တမူဆန်းသစ်စွာနဲ့ကြည့်ရှုနိုင်မှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။