Fierce Cop (2022)

လူကုန်ကူးမှုနဲ့မူးယစ်ဆေးခေါင်းဆောင်တစ်ယောက်ကိုဖမ်းဆီးဖို့ကြိုးစားရာကနေ သားဖြစ်သူပြန်ပေးဆွဲခံလိုက်ရတဲ့ ရဲသားဇမ်။ သားဖြစ်သူကို ကယ်တင်နိုင်ဖို့နည်းလမ်းများစွာနဲ့ ကြိုးပမ်းခဲ့ပေမဲ့ ကြိုးစားမှုတွေအရာမရောက်တဲ့အခါ ရဲသားဇမ် တစ်ယောက်လက်လျှော့လိုက်မှာလား။ လူကုန်ကူးခြင်းဟာ တစ်ကယ့်ကြီးလေးတဲ့ပြစ်မှုတစ်ခုဖြစ်ပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်တဲ့အကြောင်း ဒီဇာတ်ကားထဲမှာပေါ်လွင်စွာဖော်ပြထားပါတယ်။ အဆင့်ဆင့်ရောင်းစားခံလိုက်ရတဲ့သားဖြစ်သူကိုရဲသားဇမ်တစ်‌ယောက် ပြန်လည်ရှာတွေ့နိုင်ပါ့မလား။ အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကြီးမားပုံကိုလဲ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုနိုင်ပါသေးတယ်။ အက်ရှင်တိုက်ခိုက်မှုတွေကိုကြည့်ရှုရမဲ့အပြင် သားဖြစ်သူကိုရှာဖွေနေတဲ့အဖေတစ်ယောက်ရဲ့ ပူဆွေးမှု၊ ဝမ်းနည်းမှုတွေ၊ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကိုပါမြင်တွေ့ရမဲ့ ရသစုံလင်တဲ့ဇာတ်ကား‌ကောင်းတစ်ကားဖြစ်ပါတယ်။

You May Also Like