Ban Drugs

ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ
တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့…… စခန်းမှူးကျန့်

(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ
တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့….အဖွဲ့ခေါင်းဆောင်လု
အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့… ရဲအရာရှိလေးဝမ်


သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ
ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို
အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။

ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ
မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ
မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့
DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့
မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။
လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ……
ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား……

You May Also Like