20th Century Girl

ဒီကားလေးကတော့ကိုရီးယားနိုင်ငံရဲ့20ရာစုနှစ်တုန်းကကောင်မလေးတစ်ယောက်ရဲ့အချစ်ရေးအကြောင်းရိုက်ပြပေးထားတဲ့ကားလေးဖြစ်ပါတယ် နာဘိုရာဆိုတဲ့တက်တက်ကြွကြွအထက်တန်းကျောင်းသူလေးမှာနှလုံးရောဂါခံစားနေရတဲ့ကင်ယွန်းဒူဆိုတဲ့သူငယ်ချင်းမလေးရှိခဲ့ပါတယ် တစ်နေ့မှာကင်ယွန်းဒူတစ်ယောက်သူ့ဆိုင်ကိုလာတဲ့ကောင်လေးတစ်ယောက်ကိုကြိုက်မိသွားပြီးအဲ့ကောင်လေးကသူတိုတက်ရမဲ့အထက်တန်းကျောင်းမှာတက်မဲ့လူဆိုတာသိလိုက်ရတဲ့အခါ....ဒါပေမဲ့ယွန်းဒူကနှလုံးခွဲစိတ်ဖိုအတွက်နိုင်ငံခြားကိုသွားရမှာဆိုတော့သူ့သူငယ်ချင်းနာဘိုရာကိုပဲသူကြိုက်နေတဲ့ကောင်လေးအကြောင်းကျောင်းမှာလိုက်ကြည့်ခိုင်းလိုက်ပါတော့တယ် အဲ့လိုနဲ့ဘိုရာတစ်ယောက်ယွန်းဒူကြိုက်နေတဲ့ကောင်လေးဘဲ့ဟွန်းဂျင်းနဲ့သူ့သူငယ်ချင်းပွန်းအွန်ဟိုရယ်နဲ့သူငယ်ချင်းဖြစ်လာပါတော့တယ် အဲ့လိုနဲ့ဘဲ့ဟွန်းဂျင်းအကြောင်းစုံစမ်းရင်းဘိုရာတစ်ယောက်သူ့သူငယ်ချင်းအွန်းဟိုကိုတစ်ဖြည်းဖြည်းချင်းရင်ခုန်လာမိပါတော့တယ် ဒါပေမဲ့ယွန်းဒူတစ်ယောက်ခွဲစိတ်ရာကပြန်လာတဲ့အခါမှာတော့သူတိုနှစ်ယောက်ကြားမှာနားလည်မှုလွဲနေတာအကြီးကြီးရှိနေတဲ့အကြောင်းဘိုရာတစ်ယောက်နားလည်သွားပါတော့တယ် အဲ့နားလည်မှုကဘာများဖြစ်မလဲဆိုတာကတော့ရုပ်ရှင်ကားလေးထဲမှာပဲဆက်ကြည့်လိုက်ကြပါတော့ ဒီကားလေးကနာမည်ကြီးသရုပ်ဆောင်တွေလဲအများကြီးပါပြီးIMDB ratingကလဲ7.3တောင်ရထားတာဆိုတော့ကြည့်ရှူလိုကောင်းမဲ့ကားလေးတစ်ကားပါ ဒါပေမဲ့ကြည့်ရင်တစ်ရှူးလေးတော့ဆောင်ထားပြီးမှကြည့်ကြဖိုပြောပါရစေ

You May Also Like