The Attorney (2013)

ဒါရိုက်တာ Yang Woo-seok ရိုက်ကူးထားတဲ့ဒီThe Attorney (2013) ဇာတ်ကားကိုတော့တောင်ကိုရီးယားရဲ့သဘာဝမင်းသားကြီး Song Kang-hoကိုယ်တိုင်ဇာတ်ဆောင်ရှေ့နေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်
1980 ခုနှစ်များ အစောပိုင်းတောင်ကိုရီးယား နိုင်ငံရေး မတည်ငြိမ်မှုများ ကာလအတွင်းအချိန်ကိုပုံဖော်ထားတယ့်ဒီThe Attorneyဇာတ်ကားလေးကတော့ဘူဆန်ရှိ အခွန်ရှေ့နေတစ်ဦးဖြစ်တယ့်Song Woo-seokရဲ့မိသားစုအတွက်ငွေရှာဖို့အတွက်အထက်တန်းပဲအောင်တဲ့ရှေ့နေတယောက်ဖြစ်ပေမဲ့ငွေရမယ့်လမ်းတွေကိုရှာဖွေတတ်ပြီးအလုပ်ကိုကြိုးစားစားလုပ်တဲ့အတွက်ကြောင်းတခြားရှေ့နေများအကြားနာမည်ကြီးလာပြီးအောင်မြင်လာပါတော့တယ် အစပိုင်းမှာတော့ငွေရှာဖို့အတွက်ပဲအခွန်ဥပဒေနဲ့ပတ်သတ်တာတွေပဲဆောင်ရွက်ပြီးနိုင်ငံအတွင်းဘာတေဖြစ်ပျက်နေလဲဆိုတာကိုသတိမထားဘဲငွေရဖို့အတွက်ပဲခေါင်းစိုက်နေခဲ့ပါတယ် ဒါပေမဲ့တစ်နေ့မှာတော့ သူ့မအောင်မြင်ခင်တုန်းကကျေးဇူးရှင်ဖြစ်ခဲ့တဲ့စားသောက်ဆိုင်ပိုင်ရှင် အဒေါ်ကြီးတစ်ယောက်ရဲ့သား အမှုအခင်းဖြစ်ရာကနေ သူ့ရဲ့ခံယူချက်နဲ့ အတွေးအခေါ်အားလုံးပြောင်းသွားပြီးအဲ့အမှုအတွက် ရှေ့နေလိုက်ဖို့ ကြိုးစားတဲ့အခါအဲ့အမှုကိုအနိုင်ရဖို့အမှန်တရားကိုထုတ်ဖော်ဖို့ဘယ်လိုတွေကြိုးပမ်းသွားမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ပါ

You May Also Like