Following

ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်တဲ့ Following ကိုရီးယားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးက အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင် ဂိုဂျောင်းထယ်ဆိုတဲ့ အမျိုးသားဟာ ဝါသနာအရ သူများအိမ်တွေထဲဝင်ပြီး စပ်စုတတ်တဲ့သူပါ။အကျိုးဆောင်ဖြစ်တဲ့အလျောက် အိမ်ပိုင်ရှင်တွေရဲ့အိမ်သော့တွေကို ထိန်းသိမ်းပေးရလိုလည်း ဝါသနာနဲ့အလုပ်က ထပ်တူကျနေပါတယ်။တစ်နေ့တော့ ဟန်ဆိုရာဆိုတဲ့ အမျိုးသမီးလေးအပေါ်အာရုံစိုက်မိပြီး သူ့ရဲ့နေအိမ်ထဲဝင်ရောက်ဖိုကြိုးစားပါတော့တယ်။ဒါပေမဲ့ အိမ်လျှိဝှက်နံပါတ်မသိလို အခက်ကြုံနေချိန် ဟန်ဆိုရာက အိမ်ရောင်းဖိုအတွက် အိမ်သော့လာအပ်ပါတော့တယ်။ဂိုဂျောင်းထယ်တစ်ယောက် စားရကံကြုံလို မုတ်ဆိတ်ပျားစွဲဆိုသလို ဟန်ဆိုရာအိမ်ကို အကန့်အသတ်မရှိ ခိုးကြောင်ခိုးဝှက်ဝင်ရောက်နေရင်းက တစ်ရက်မှာတော့ ဟန်ဆိုရာသေဆုံးလျက်ရှိတဲ့အလောင်းကို ကိုယ်တိုင်မြင်လိုက်ရပါတော့တယ်။ဒီအချိန်မှာပဲ အမှုပတ်မှာစိုးရိမ်ပြီး အမြန်ထွက်လာပြီးတော့ နောက်တစ်ကြိမ်ဝင်ရောက်ချိန်မှာတော့ အလောင်းကပျောက်ဆုံးသွားပါတော့တယ်။ဒီလိုအချိန် ရဲတပ်ဖွဲကလည်း လူပျောက်တိုင်ခံရလို စုံစမ်းစစ်ဆေးလာချိန်မှာတော့ ဂိုဂျောင်းထယ်တစ်ယောက် ထောင်ကျမယ့်အရေးကနေ ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ပဟေဠိဆန်ဆန်အဖြေရှာကြည့်ရအောင်ပါ။ဂိုဂျောင်းထယ်အဖြစ် Uncle Samsik ကားထဲက မင်းသား Byun Yo-Han အပြင် ဟန်ဆိုရာအဖြစ် Mr. Queen,Welcome to Samdal-ri ကားထဲက နာမည်ကြီးမင်းသမီး Shin Hae-Sun တိုက ခေါင်းဆောင်ပါဝင်ထားပါတယ်။

You May Also Like