Dead Man

ဒီကားကတော့ IMDB 5.7/10 ရရှိထားတဲ့ Crime/Drama ကားလေးဖြစ်ပါတယ်။ 
Cho Jin-woong, Kim Hee-ae နဲ့ Lee Soo-kyung တို ပါဝင်ထားကြပြီး 
ရှုပ်ထွေးလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

အီမန်ဂျယ် (Cho Jin-woong) က စီးပွားရေးမျိုးစုံလုပ်ခဲ့ပေမဲ့ 
ကံမကောင်းအကြောင်းမလှဘဲ စီးပွားပျက်ခဲ့ရပြီးနောက် 
ကြံရာမရတော့တဲ့အဆုံး နာမည်ကို ရောင်းချပြီး ငွေရှာခဲ့ပါတယ်။ 
အမည်ခံသူဌေးအဖြစ်နဲ့ စီးပွားရေးလေးပြေလည်ပြီး ချောင်ချောင်လည်လည်ရှိလာချိန်မှာပဲ
သူ့ဘဝထဲ မထင်မှတ်ထားတဲ့ ကံဆိုးမိုးမှောင်ကျခြင်းရောက်ရှိလာခဲ့ချိန်မှာတော့..

သူလည်း မလုပ်ပါဘဲနဲ့ သန်းချီတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ပါတယ်လို စွပ်စွဲခံလိုက်ရပြီး
ဘာမှတောင် မဖြေရှင်းနိုင်သေးခင်မှာတင် တရုတ်က အကျဉ်းထောင်တစ်ခုကို ရောက်ရှိသွားခဲ့ပါတော့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ရုတ်တရက် သူ့ဆီ အမျိုးသမီးတစ်ယောက်လာတွေ့ခဲ့ပြီး
သူ့နာမည်ဆိုးကို ရှင်းလင်းပေးမယ်လို ပြောခဲ့ရာမှာတော့..
အဲဒီအမျိုးသမီးက ဘယ်သူလဲ၊ အီမန်ဂျယ့်ကိုရော ဘယ်သူက စွပ်စွဲပြီး ချောက်ချခဲ့တာလဲ၊
သူက တကယ်ရော အပြစ်ကင်းရဲ့လားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။

You May Also Like